အထွေထွေမေးခွန်းများ
Academic Virtual Classroom မှာ ဘယ်လိုနည်းပညာကိုသုံးပြီး သင်ကြားပေးမလဲ။

နည်းပညာအခြေပြုသင်ကြားရေးစီမံခန့်ခွဲမှုစနစ် (LMS) ကို ZOOM နှင့် တွဲဖက်ပြီး ဆရာများက တိုက်ရိုက်သင်ကြား ပေးကြမှာဖြစ်ပါတယ်။

သင်ပြီးသားသင်ခန်းစာတွေကို ပြန်ကြည့်လို့ရမလား။

Virtual Classroom ထဲမှာ သင်ခန်းစာ Video file တွေကို Upload လုပ်ထားပေးမှာဖြစ်တဲ့အတွက် မှတ်ပုံတင်ထား သော ကျောင်းသားများအနေနဲ့ အချိန်မရွေး အခါခါပြန်ကြည့်ပြီး လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

သင်ခန်းစာတွေနဲ့ပတ်သက်တဲ့ မှတ်စုတွေကို ဘယ်လိုရယူရမလဲ။

ဘာသာရပ်အလိုက် PDF ဖိုင်များအား Upload လုပ်ပေးထားမှာဖြစ်တဲ့အတွက် အချိန်မရွေး အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါ တယ်။

ဘယ်အတန်းတွေ တက်လို့ရမှာလဲ။

စနစ်သစ်ဆယ်တန်း (Grade-10) နဲ့ စနစ်ဟောင်းဆယ်တန်း (Grade-11) အတန်းတွေကို မိမိစိတ်ကြိုက်ဘာသာရပ် အလိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်။

ဒီ Virtual Classroom ကို တက်ဖို့ ဝင်ခွင့်ဖြေဖို့လိုသလား။

လုံးဝမလိုပါဘူး။ ဒါပေမဲ့ ယခင်နှစ်ကျောင်းသားကတ် သို့မဟုတ် လက်ရှိတက်ရောက်နေသော ကျောင်းမှ ကျောင်းသား ကတ်နဲ့ မှတ်ပုံတင်ထားမှသာ သင်ယူခွင့်ရမှာဖြစ်ပါတယ်။

အတန်းနှင့်သက်ဆိုင်သော မေးခွန်းများ
ဘာသာရပ်အလိုက်ရွေးချယ်ပြီး တက်လို့ရမလား။

မိမိစိတ်ကြိုက်ဘာသာရပ်ကို မိမိကြိုက်နှစ်သက်သော ဆရာများအား ရွေးချယ်ပြီး မိမိအဆင်ပြေတဲ့အချိန်မှာ တက်လို့ ရပါတယ်။

တစ်ဘာသာချင်းရော တက်လို့ရပါသလား။

ရပါတယ်။ တစ်ဘာသာချင်းကို တစ်လချင်းငွေသွင်းပြီး တက်လို့လည်း ရပါတယ်။

စာနားမလည်ရင် ဘယ်လိုမေးရမလဲ။

အထူးတန်းကို ရွေးချယ်ထားမယ်ဆိုရင်တော့ စာသင်ရင်း အချက်ပြပြီး တိုက်ရိုက်မေးလို့ရပါတယ်။ ရိုးရိုးတန်းကို ရွေးချယ် ထားမယ်ဆိုရင်တော့ သင်ခန်းစာပြီးတာနဲ့ LMS ထဲက Chat System သို့မဟုတ် massage သို့မဟုတ် Email စနစ်တွေကို သုံးပြီး မေးလို့ရပါတယ်။

ဝန်ဆောင်မှုစရိတ်က အကုန်အကျများနိုင်သလား။

ယခင်က ကျောင်းသား၊ ကျောင်းသူများသည် အိမ်မှ ကျောင်း၊ ကျူရှင်များ၊ စာသင်ဝိုင်းများဆီသို့ အချိန်ပေး၍ သွားရောက် သင်ယူကြရပါသည်။ အချို့ ကျောင်းသား၊ ကျောင်းသူများသည် ရပ်ဝေးဒေသရှိ ပုဂ္ဂလိကစာသင်ကျောင်းများသို့ သွားရောက်ကာ လေ့လာဆည်းပူးသင်ယူကြရပါသည်။ အချိန်၊ ငွေကြေးကုန်ကျစရိတ်အား သုံးစွဲသူကိုယ်တိုင် နှိုင်းဆကြည့် လျှင် ပိုမိုထိရောက်သက်သာနိုင်ကြောင်း တွေ့ရှိရပါမည်။

ပုံမှန်အနေအထားပြန်လည်ရောက်ရှိသွားသည့်တိုင် Virtual Classroom အတွင်း သင်ကြားသင်ယူရမှု၊ ရင်းနှီးကျွမ်းကျင်မှုများရှိရန် လိုအပ်သော သတင်းနည်းပညာ ခေတ်ကာလ (ICT Age) ရောက်ရှိနေသည်ကို သတိထားကြရန် လိုအပ်ပါသည်။ ဤအလေ့အကျင့်ကောင်းသည် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ပညာရေးအတွက် နိုင်ငံတကာနှင့်ပါ ချိတ်ဆက်နိုင်မည့်အကြောင်းကိုလည်း သတိချပ်သင့်ပါသည်။