Payment Policy
-
၁။သက်ဆိုင်ရာစာသင်တန်းခွဲများအလိုက် ဈေးနှုန်းရွေးချယ်ပေးနိုင်ရန် ဈေးနှုန်းဇယားများဖော်ပြပေးထားပါမည်။
-
၂။Grade-10 ၊ Grade-11 ကျောင်းသား ၊ ကျောင်းသူများအတွက် အထူးစာသင်ဝိုင်းနှင့် ရိုးရိုးစာသင်ဝိုင်းဟူ၍ နှစ်မျိုးနှစ်စားခွဲခြားထားပါသည်။ တစ်ဘာသာချင်းသော်လည်းကောင်း ၊ ဘာသာစုံသော်လည်းကောင်း မိမိနှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပြီး၊ လစဉ်ငွေပေးသွင်းမှုနှင့် နှစ်စဉ်ငွေကြိုပေးသွင်းမှုစနစ်များကိုပါ ထပ်မံရွေးချယ်နိုင်မည်ဖြစ်ပါသည်။
-
၃။ဘာသာစုံရွေးချယ်သူ ၊ ငွေကြိုတင်ပေးသွင်းသူများအတွက် အထူးအခွင့်အရေးပေးသည့် လျှော့ဈေးနှုန်းများရှိနေသဖြင့် ဂရုတစိုက်ရွေးချယ်ကြရန် လိုအပ်ပါသည်။
-
၄။အခြားသင်တန်းများအတွက်လည်း သင်တန်းအမျိုးအစားအလိုက် ဈေးနှုန်းများကို ဖော်ပြပေးပါမည်။
-
၅။ငွေပို့စနစ်အား လက်ရှိကျင့်သုံးနေကြသော ဘဏ်ငွေလွှဲစနစ် ၊ Mobile Banking ၊ Wave Money ၊ KBZ Pay စသည့် စနစ်များကို အသုံးပြုရပါမည်။