Student Policy
  • ၁။
    Academic Virtual Classroom စာသင်ခန်းထဲသို့ သတ်မှတ်ချိန်အတွင်း ဝင်ရောက်နေရာယူရပါမည်။
  • ၂။
    မိမိတို့ အသုံးပြုမည့် အီလက်ထရွန်မစ္စည်းအမျိုးအစား အလိုက် screen သည် ကျောင်းသား၊ ကျောင်းသူများ၏ မျက်နှာရှေ့တည့်တည့်တွင်သာ ထားရှိရမည်ဖြစ်ပြီး ကျောင်းသားမျက်နှာကို အပြည့်မြင်ရမည့် အနေအထားရှိရပါမည်။
  • ၃။
    စာသင်ကြားနေစဉ် မိမိပတ်ဝန်းကျင်မှ ဆူညံသည့် အသံများ ဝင်လာခဲ့ပါလျှင် mute လုပ်ထားပေးရမည်။
  • ၄။
    ကျောင်းသား၊ ကျောင်းသူသည် စာသင်ချိန်အတွင်း screen ကိုတောက်လျှောက်ဖွင့်ထားရပါမည်။ Classroom ထဲသို့ ဝင်နေသော်လည်း screen ပိတ်ထားခြင်းမျိုး မပြုလုပ်ရပါ။
  • ၅။
    စာသင်ချိန်တွင် နားမလည်သည်နျင့် သိလိုသည့်အကြောင်းအရာများ ရှိခဲ့လျှင် ဆရာကို တိုက်ရိုက် မေးမြန်းနိုင်ပါသည်။ ကျောင်းသားအချင်းချင်း စကားပြောဆို မေးမြန်းခြင်းမပြုလုပ်ရပါ။
  • ၆။
    လေ့ကျင့်ရန်ပေးထားသော စာများ၊ လေ့ကျင့်ခန်းများကိုလည်း ပုံမှန်လုပ်ဆောင်ရပါမည်။
  • ၇။
    ကျောင်းသားအကျိုးကို ရှေးရှုသောအားဖြင့် အခါအားလျော်စွာ စစ်ဆေးသည့် စာမေးပွဲများကို စိတ်ပါဝင်စားစွာ ဝင်ရောက်ဖြေဆိုပေးရပါမည်။
  • ၈။
    အခက်အခဲရှိပါက စာသင်ဝိုင်းသို့ ဖုန်းဖြင့် ချက်ချင်းဆက်သွယ်ပြောကြားပေးပါမည်။
  • ၉။
    စာသင်ချိန်အား အကြောင်းမဲ့ပျက်ကွက်ခြင်း မရှိရပါ။ အကြောင်းတစ်စုံတစ်ရာရှိပါက အုပ်ထိန်းသူ မိဘများမှ ကြိုတင် တင်ပြပေးရမည်။ စာသင်ချိန် ပျက်ကွက်ခြင်းများ မကြာခဏဖြစ်နေပါက မလိုလားအပ်သော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် မိဘအုပ်ထိန်းသူထံ အသိပေးအကြောင်း ကြားညှိနှိုင်းသွားပါမည်။
  • ၁၀။
    ကျောင်းသင်ခန်းစာများ၊ ဗီဒီယို File များကို ကူးယူဖြန့်ဝေခြင်းများ မပြုလုပ်ပါရန် တားမြစ်အပ်ပါသည်။
Parent Policy
  • ၁။
    မိဘအုပ်ထိန်းသူများသည် Academic Virtual Classroom စာသင်ဝိုင်း စီမံရေးရာဌာနသို့ Message သို့မဟုတ် Chat System သို့မဟုတ် Email စနစ်စသည့် ဆက်သွယ်မှုနည်းလမ်းတို့ကို တွင်ကျယ်စွာအသုံးပြု ဆက်သွယ်ကြရပါမည်။
  • ၂။
    မိမိတို့သားသမီးများ၏ စာသင်ချိန်အား အကြောင်းမဲ့ပျက်ကွက်ခြင်း မရှိစေရေး စောင့်ကြပ်ကြည့်ရှုပေးရန်ပါနှင့် အကြောင်းတစ်စုံတစ်ရာရှိပါက အုပ်ထိန်းသူ မိဘများမှ ကြိုတင် တင်ပြပေးရပါမည်။
  • ၃။
    စာသင်ချိန်ပျက်ကွက်ခြင်းများ မကြာခဏဖြစ်နေပါက မလိုလားအပ်သော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် မိဘအုပ်ထိန်းသူထံအသိပေးအကြောင်းကြားညှိနှိုင်းသွားမည်ဖြစ်သဖြင့် အကြောင်းကြားမှုများ လက်ခံရရှိချိန်တွင် ပြန်ကြားပေးရပါမည်။
  • ၄။
    စီမံဌာနမှပေးပို့သော ကျောင်းသားများနှင့် သက်ဆိုင်သော ပညာရေးမှတ်တမ်းများကို Learning Management System (LMS) Chat System သို့မဟုတ် Message သို့မဟုတ် Email စနစ်တို့ကို အသုံးပြုကာ စစ်ဆေး၍ အကြောင်းပြန်ကြားပေးရပါမည်။
  • ၅။
    သင်ကြားသင်ယူသူများအနေဖြင့်တည်ငြိမ်စွာအာရုံစူးစိုက်နိုင်ရန် ကျောင်းသားမိဘများအနေဖြင့်လည်း သင့်တင့်လျောက်ပတ်သော သင်ယူမှုဝန်းကျင်ကိုဖန်တီးပေးရပါမည်။
    (ဥပမာ - အလင်းရောင်ကောင်းမွန်စွာရရှိခြင်း၊ နောက်ခံအားဖြတ်သန်းသွားလာခြင်းမပြုလုပ်သည့် နံရံကဲ့သို့သော နေရာဖန်တီးပေးခြင်း၊ ဆူညံမှုမရှိခြင်း... စသည်ဖြင့်)
  • ၆။
    သင်ကြားသင်ယူမှုများအား စစ်ဆေးအကဲဖြတ်ရာတွင် သမာသမတ်ကျစွာ ပူးပေါင်းပါဝင်ပေးရပါမည်။
Teacher Policy
  • ၁။
    ဆရာ ၊ ဆရာမ တို့သည် မိမိတာဝန်ယူထားသည့် ဘာသာရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာများအတိုင်း မူဝါဒနှင့်အညီ သေချာစွာ ကြိုတင်ပြင်ဆင်ထားရမည်။
  • ၂။
    စာသင်ချိန်တွင် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ဝတ်စားဆင်ယင်ကြရမည်။
  • ၃။
    Academic Virtual Classroom စာသင်ဝိုင်းသို့ သင်ကြားရမည့် အချိန်မတိုင်မီ ၁၅မိနစ် ကြိုတင်ရောက်ရှိရမည်။
  • ၄။
    သတ်မှတ်သင်ရိုးကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် သင်ကြားရမည်။
  • ၅။
    မိမိတို့သင်ကြားမည့် သင်ခန်းစာနှင့်ပတ်သက်သော Power Point များ၊ Lecture Notes များနှင့် အခြားလိုအပ်သည့်ကိစ္စရပ်များကို စီမံဌာနသို့ အနည်းဆုံး နှစ်ပတ်ကြိုတင် ပို့ပေးရမည်။ဖြစ်နိုင်ပါက တစ်လကြိုတင်ပေးပို့ကြရပါမည်။
  • ၆။
    သက်ဆိုင်ရာ Assistant teacher များသို့လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် တာဝန်ခံဆရာ၊ ဆရာမများက လိုအပ်သလို ကွပ်ကဲကြီးကြပ်ညွှန်ကြားပေးရမည်။
  • ၇။
    သင်ကြားချိန် ပျက်ကွက်ရန်ရှိပါက အနည်းဆုံး (၂)ရက်ကြိုတင်၍ စီမံဌာနသို့ အကြောင်းကြားရမည်။ စီမံဌာနမှ အစားထိုး အချိန်လဲလှယ်နိုင်ရေး ညှိနှိုင်းပေးပါမည်။
  • ၈။
    Chapter End Test များ၊ Exam များကိုလည်း စာသင်ဝိုင်းအုပ်ချုပ်မှု ကြီးကြပ်ရေးအဖွဲ့၏ ညှိနှိုင်းသတ်မှတ်ချက်များအတိုင်း ပြုလုပ်ပေးရပါမည်။
  • ၉။
    ဆရာ၊ ဆရာမများသည် Academic Virtual Classroom စာသင်ဝိုင်း စီမံရေးရာဌာနသို့ Email စနစ်ကို တွင်ကျယ်စွာ အသုံးပြု ဆက်သွယ်ကြရပါမည်။
  • ၁၀။
    နည်းပညာပိုင်း အခက်အခဲရှိပါကလည်း ကြိုတင်ညှိနှိုင်း၍ အကူအညီတောင်းခံကြရပါမည်။
  • ၁၁။
    Academic Virtual Classroom စာသင်ဝိုင်း ရေရှည် တိုးတက်အောင်မြင်ရေးအတွက် အကြံဉာဏ်များအား တောင်းခံလျှင်ဖြစ်စေ၊ လိုအပ်မည်ဟု ယူဆသည့်အချိန်တွင်ဖြစ်စေ အကြံပြုပြောကြားနိုင်ပါသည်။
Study Guide (သင်ကြားလေ့ကျင့်ရေးအကူ ဆရာ ၊ ဆရာမများ) Policy

Academic Virtual Classroom စာသင်ဝိုင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဘဝ တိုးတက်မြင့်မားရေးအတွက် ( Actual Class Room နီးပါး) အစွမ်းကုန်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

  • ၁။
    Study Guide များသည် မိမိတို့တာဝန်ယူလေ့ကျင့်ပေးရမည့် ဘာသာရပါတာဝန်ခံ ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုကို တိုက်ရိုက် (Live) ဖြစ်စေ၊ video review ဖြစ်စေ ကြည့်ရှုရမည်။
    (သို့မှသာ ဘာသာရပ်၏ သင်ကြားမှု ချည်းကပ်နည်းတူ လေ့ကျင့်ပေးနိုင်မည်။ ဆရာအမျိုးမျိုး နည်းအထွေထွေ မဖြစ်စေမှသာ ကျောင်းသား ကျောင်းသူများအတွက် ရှုပ်ထွေးမှု ကင်းကင်း ပံ့ပိုးနိုင်မည်။)
  • ၂။
    သင်ကြားသူ ဆရာမှ ပေးသော အိမ်စာများ၊ သင်ခန်းစာအကြိုဖတ်စရာများ၊ သင်ပြီးစာများအလွတ်ကျက်မှတ်ရန် သင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများက အချိန်မီ/ အချိန်ကိုက် ပြီးစီးအောင် ဆောင်ရွက်ပေးရမည်။
  • ၃။
    Online သင်ကြားလေ့ကျင့်မှုဖြစ်၍ သင်ကြားရန် သတ်မှတ်ထားသော နေရာမှသာ သင်ကြားရမည်။
    (ကျောင်းသား၊ မိဘ နှင့် တိုက်ရိုက် ချိတ်ဆက် သင်ကြားလေ့ကျင့်ခြင်း၊ ပြင်ပမှ ဆက်သွယ်သင်ကြားခြင်း မပြုလုပ်ရ။)
  • ၄။
    ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် တစ်နေ့တာ လုပ်ဆောင်ရမည့် ဇယားကို နေ့စဉ်သတ်မှတ်ရေးသားပြီး တာဝန်ကျေပြုလုပ်နိုင်အောင် ကူညီရမည်။
    ဥပမာ
    - Daily To Do List
    - ၂၀-၇-၂၀၂၀ (MON)

    အိမ်စာများ

    မြန်မာစာ
    -------------
    အင်္ဂလိပ်စာ
    -------------
    သင်္ချာ
    -------------

    အတန်းတင်စာမေးပွဲအတွက် ပြင်ဆင်ချက်

    မြန်မာစာ
    -------------
    အင်္ဂလိပ်စာ
    -------------
    သင်္ချာ
    -------------
    Study Guide ဆရာ ၊ ဆရာမ၏ မှတ်ချက်
  • ၅။
    ကျောင်းသားတစ်ဦးချင်းစီအတွက် သုံးသပ်ချက်တွင် -
    လက်ရေး လက်သား သတ်ပုံသတ်ညွှန်းမှသည် လူတိုင်းအလွတ်ကျက်မှတ်ထားရမည့် Contest based သင်ခန်းစာများ ကျက်မှတ်နိုင်မှု ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပိုင်နိုင်ကျွမ်းကျင်မှုရှိရမည့် Skill based သင်ခန်းစာများ၊ စဉ်းစားဖြေဆိုနိုင်မှုများကို စနစ်တကျ စစ်ဆေးအကဲဖြတ်ပြီး ဖော်ပြပေးရမည်။
    (က)
    အခြေခံအားနည်းသော ကျောင်းသား၊ ကျောင်းသူများ
    (ခ)
    ပုံမှန် အောင်မြင်နိုင်သော ကျောင်းသား၊ကျောင်းသူများ
    (ဂ)
    ထူးချွန်ထက်မြက်၍ ဂုဏ်ထူးထွက်နိုင်သော ကျောင်းသား၊ ကျောင်းသူများအား ခွဲခြားမှတ်တမ်းတင်ပေးရမည်။
  • ၆။
    သတ်မှတ်ကာလ၊ (ဥပမာ-နှစ်လ တစ်ကြိမ်)
    မိဘ- ဆရာတွေ့ဆုံပွဲတွင် ကလေး၏ အခြေအနေကို မှန်ကန်စွာ ရှင်းပြပေးနိုင်ရမည်။အထူးလိုအပ်ချက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက်မူ ကြီးကြပ်ရေးအဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်။
Assessment Policy
  • ၁။
    Academic Virtual Classroom စာသင်ဝိုင်းတွင် သင်တန်းလိုအပ်ချက်အရ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်း များကို အောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
    (က)
    Written Test

    - Ture/ False

    - Matching

    - Short answer

    - Numerical

    - Eassy

    - Calculated

    - Calculated Multichoice

    - Culculated simple

    - Drag and drop into text

    - Drag and drop markers

    - Drag and drop into image

    - Embedded answers (Cloze type)

    - Randon shrot answer matching

    - Select missing words

    (ခ)
    Oral Test/ Viva Test
  • ၂။
    လျှပ်တပြက်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ လစဉ်ပုံမှန်စစ်ဆေးခြင်း စသည့်စနစ်များကို ကျင့်သုံးသွားပါမည်။
  • ၃။
    သင်တန်းသား- သင်တန်းသူများ၊ ကျောင်းသား-ကျောင်းသူများ၏ အရည်အသွေးဆိုင်ရာ အချက်အလက်များကို သက်ဆိုင်သူ ထံသို့ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ အသိပေးအကြောင်းကြားရမည်။ (ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက အထူး အလေးထားလိုက်နာရန် လိုအပ်ပါသည်။)
Privacy Policy
  • ၁။
    Academic Virtual Classroom စာသင်ဝိုင်းသုံးစွဲသူ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီ၏ ကျင့်ဝတ်၊ စည်းကမ်း၊ စည်းမျဉ်းများကို အခြေခံ မူဝါဒများအဖြစ် သတ်မှတ်ပေးထားပြီးဖြစ်သော်လည်း အခြေအနေ အချိန်အခါအရ ပြောင်း လဲပြင်ဆင်သတ်မှတ်ချက်များကို စာသင်ဝိုင်း၏ ကြီးကြပ့်မှုကော်မတီမှ အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရပါ မည်။
  • ၂။
    ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ၊ စာသင်ခန်းမှ သင်ခန်းစာများအပါအဝင် လုံခြုံမှုအဆင့်အတန်းရှိသော အချက်အလက်များ၏ လုံခြုံရေးအတွက် တစ်ဦးချင်းစီမှ တာဝန်ယူထိန်းသိမ်းပေးရပါမည်။
  • ၃။
    ငွေရေးကြေးရေးဆိုင်ရာကိစ္စများနဲ့ ပတ်သက်၍ Payment Policy ကို လိုက်နာကြရပါမည်။
  • ၄။
    သင်တန်းသား၊ သင်တန်းသူ သို့မဟုတ် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုဆိုင်ရာညွှန်ကြားချက်များ၊ လေ့ကျင့်ခန်းများ၊ ဆန်းစစ်ချက်များကို ကိုယ်စီအသိစိတ်ဓာတ်ဖြင့် လိုက်နာဆောင်ရွက်ကြရမည်။
  • ၅။
    သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် LMS စနစ်ထဲတွင် Private File Storage များ ကိုယ်စီဖွင့်လှစ်ပေးထားပါမည်။ သက်ဆိုင်ရာ သင်တန်း၊ သင်ခန်းစာများအတွက်သာ အချက်အလက် ထည့်သွင်းအသုံးပြုရပါမည်။
  • ၆။
    သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများသည် သင်တန်းဖွင့်ရက်၊ သင်တန်းပိတ်ရက်၊ သင်ခန်းစာပို့ချမည့် အချိန်စာရင်း စသည်များကို Academic Virtual Classroom Website ထဲရှိ Calendar တွင် ကြည့်ရှုရမည်ဖြစ်ပါသည်။
  • ၇။
    သီးခြားအသိပေးရမည့်ကိစ္စများ၊ ခွင့်တိုင်ကြားခြင်းများ၊ အကြံပြုချက်များ စသည်တို့ကို Email မှတစ်ဆင့် ဆက်သွယ် ပေးပို့ကြရပါမည်။
Academic Virtual Classroom Terms and Conditions

စာသင်ဝိုင်း၏ စည်းကမ်းနှင့် သတ်မှတ်ချက်များ

  • ၁။
    Academic Virtual Classroom စာသင်ဝိုင်းတွင် တက်ရောက်ဆည်းပူးသင်ကြား သင်ယူလိုပါက အောက်ဖော်ပြပါ အချက်များကို သဘောတူလိုက်နာကြရပါမည်။
    (က)
    Academic စာသင်ဝိုင်းနှင့် ထိတွေ့ဆက်စပ်နေကြရသော သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ သင်ကြားလေ့ကျင့်ရေး အကူဆရာ၊ ဆရာမများ (Study guide) နှင့် မိဘအုပ်ထိန်းသူများ အတွက် အခြေခံလိုအပ်သော မူဝါဒ (Policies) များကို သီးခြားထုတ်ပြန်ဖော်ပြထားပြီးဖြစ်ပါသည်။ ထိုအချက်များကို တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီက လိုက်နာကြရမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ အပြန်အလှန်လေးစားနားလည်ကြရပါ မည်။ ပူးပေါင်းဆောင်ရွက်ကြရမည်လည်းဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်ဦးချင်းအနေဖြင့် ကျင့်ဝတ်များကို အပြန်အလှန်လေး စား၍ စာသင်ဝိုင်း၏ ရည်မှန်းချက်ဖြစ်သော မျိုးဆက်သစ်တို့၏ အနာဂတ်ရည်မှန်းချက်များ ထမြောက်အောင်မြင်စေရန်ဖြစ်ပါသည်။
    (ခ)
    နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားသော စာပေဘာသာရပ်များကို တတ်သိနားလည်ကျွမ်းကျင်ရုံမျှသာမက ဆက်စပ် ဆက်နွယ်နေသော ပညာရပ်များ၊ ဗဟုသုတများကိုပါ အလွယ်တကူ လေ့လာနိုင်သည့် အခွင့်အရေးကောင်းများကို ရရှိနိုင်အောင် ဖန်တီးပေးထားမည်ဖြစ်ပါသည်။ လိုအပ်ချက်များကို အကြံပြုနိုင်၊ ဆွေးနွေးနိုင်ရန်အတွက် အခွင့်အလမ်းများကို လည်း ပေးထားမည်ဖြစ်ပါသည်။
    (ဂ)
    ဝန်ဆောင်မှုအတွက် ထိုက်သင့်သော အခကြေးငွေသတ်မှတ်ချက်များကို Privacy Policy တွင် အသေးစိတ်ဖော်ပြပေး မည်ဖြစ်ပါသည်။
    (ဃ)
    သင်တန်းကြေးနှင့် အခြားဝန်ဆောင်မှုစရိတ်စကများနှင့်ပတ်သက်သော ငွေရေးကြေးရေးကိစ္စများကို လက်ရှိကျင့်သုံး နေသော ဘဏ်စနစ်၊ ငွေလွှဲစနစ်စသည်တို့ဖြင့် အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူ ကျောင်း သား၊ ကျောင်းသူများ တစ်ဦးချင်းစီအနေဖြင့် အသေးစိတ် ဖော်ပြထားသော အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ရေးသွင်း ပေးခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ကြရပါမည်။
    (ဥပမာ-နာမည်၊ ဖုန်းနံပါတ်၊ email လိပ်စာ….စသဖြင့်)
    (င)
    စာသင်ဝိုင်းနှင့် ဆက်သွယ်ရန် ခွင့်ပြုချက်ရရှိပြီးသူများအနေဖြင့် စာသင်ဝိုင်း၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုတစ်ဦးချင်း၏ ကျင့်ဝတ်သိက္ခာလုံခြုံမှုစသည်တို့ကို ထိပါးစေမည့် အပြုအမူများ၊ လုပ်ဆောင်ချက်များ မပြုလုပ်ကြရန် အလေးထားတားမြစ်အပ် ပါသည်။
    (စ)
    စာသင်ဝိုင်းမှ သင်ကြားပေးသော သင်ခန်းစာများအပါအဝင် အခြားအုပ်ချုပ်မှုဆိုင်ရာ အကြံပြုချက်များ စသည်တို့ကို ကူးယူဖော်ပြဖြန့်ဝေခြင်း လုံး၀ (လုံးဝ) မပြုလုပ်ရန် တားမြစ်အပ်ပါသည်။
  • ၂။
    ဖော်ပြပါအချက်အလက်များကို လိုက်နာရန် သဘောတူပြီမှသာ စာရင်းသွင်းခြင်း၊ ငွေပေးသွင်းခြင်းများ ပြုလုပ်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။