Teacher Profile

Academic Weekly Teacher ဒေါက်တာမြသိန်း
ဒေါက်တာမြသိန်း
ဇီဝဗေဒ
Grade -10, Grade -11

ဇီဝဗေဒဘာသာရပ်သင်ကြားရေးမှာ စာသင်သက်တမ်း နှစ် ၂၀ ရှိသူ။

နှစ်စဉ်ဇီဝဗေဒ ဂုဏ်ထူးရှင်ကျောင်းသားများစွာကို မွေးထုတ်ပေးခဲ့ပြီး ဇီဝဗေဒ ရမှတ် (၉၉) မှတ်ထိ ရအောင် သင်ကြားပေးနိုင်ခဲ့သူ။ ၁၉၉၉ ခုနှစ်မှာ ဆေးတက္ကသိုလ် (၁) ကနေ M.B.B.S ဘွဲ့ကို ရရှိခဲ့ပြီး အလုပ်သင်ဆရာဝန်ဘဝနဲ့ နဝမတန်း၊ ဒဿမတန်း ကျောင်းသားများကို ဇီဝဗေဒဘာသာရပ် စသင်ကြားခဲ့ပါတယ်။ နောက်ပိုင်းတွင် ကျူရှင်ဆရာလောကမှာ ဒေါက်တာမြသိန်း (ဇီဝဗေဒ) လို့ နာမည်ကောင်းရလာခဲ့ပြီး ကိုယ်ပိုင်ကျောင်းတွေ စပေါ်လာချိန် ကိုယ်ပိုင်ကျောင်းတွေမှာ ပထမဦးဆုံး စတင်သင်ကြားခဲ့တဲ့ ဆရာလည်း ဖြစ်ပါတယ်။ ဇီဝဗေဒဆိုင်ရာ သင်ရိုးကုန် စာအုပ်များကိုလည်း နှစ်စဉ်ရေးသားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့တဲ့အပြင် Academic Weekly Educational Journal တွင်လည်း နဝမတန်း၊ ဒဿမတန်း ဇီဝဗေဒဆိုင်ရာ သင်ရိုးကုန် ဆောင်းပါးများကို အပတ်စဉ် ရေးသားခဲ့ပါတယ်။ ကိုယ်ပိုင်ဆရာများအသင်း (ရန်ကုန်)တွင်လည်း ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး လေးနှစ်တာဝန်ထမ်းဆောင်ခဲ့ကာ ယခုလက်ရှိ Council of President အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

Teacher Profile

Academic Weekly Teacher ဒေါ်သီသီဟံ
ဒေါ်သီသီဟံ
ဘောဂဗေဒဘာသာရပ်
Grade -10, Grade -11

ဘောဂဗေဒဘာသာရပ်သင်ကြားမှုတွင် နှစ်ပေါင်း ၃၀ နီးပါး ဝါရင့်အတွေ့အကြုံရှိသူ။

နှစ်စဉ်နှစ်တိုင်း ဂုဏ်ထူးရှင် ရာပေါင်းများစွာကို မွေးထုတ်ပေးနေတာဖြစ်ပြီး အမြင့်ဆုံးရမှတ် (၉၈) မှတ်အထိ ရအောင် သင်ကြားပြသပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအသင်း (MTF) ၏အစီအစဉ်ဖြင့် အနယ်နယ်အရပ်ရပ်ရှိ တက္ကသိုလ်များတွင် ဘောဂဗေဒဘာသာရပ် မွမ်းမံသင်တန်းများ ပို့ချပေးခဲ့ပါတယ်။ မြဝတီရုပ်သံရဲ့ "သင်ယူလေ့လာ ပညာရေး သင်ခန်းစာ" အစီအစဉ်မှာလည်း သင်ကြားပေးနေပါတယ်။

Teacher Profile

Academic Weekly Teacher ပါမောက္ခ ဒေါက်တာဦးကျော်ဆွေ
ပါမောက္ခ ဒေါက်တာဦးကျော်ဆွေ
ရူပဗေဒ
Grade -10, Grade -11

ရူပဗေဒဘာသာရပ်တွင် သင်ကြားမှု အတွေ့အကြုံ (၃၂) နှစ်ရှိသူ။

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ တက္ကသိုလ်၊ ကောလိပ်တွေမှာ နည်းပြဆရာ၊ လက်ထောက်ကထိက၊ ကျောင်းအုပ်ကြီး၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ စတဲ့ ရာထူးတာဝန်များကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ Engineering Mathematics, Strength & Structures စတဲ့ ဘာသာရပ်များကို သင်ကြားလျက်ရှိပြီး တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာရပ်၊ တက္ကသိုလ်ဝင်တန်း သင်္ချာဘာသာရပ်များကိုလည်း ပို့ချလျက်ရှိပါတယ်။

Teacher Profile

Academic Weekly Teacher ဒေါ်သင်းမြမြထွေး
ဒေါ်သင်းမြမြထွေး
မြန်မာစာ
Grade -10, Grade -11

မြန်မာစာသင်ကြားမှု အတွေ့အကြုံ (၁၇) နှစ်ကျော်ရှိသူ။

နှစ်စဉ်နှစ်တိုင်း မြန်မာစာဂုဏ်ထူးရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပါတယ်။ တပည့်တွေဆီက "အသက်တွေကြီးသွားပေမယ့် မြန်မာစာနဲ့ ပတ်သက်လာရင် ဆရာမစာသင်တာ ခုထိစွဲနေတုန်း"လို့ ဆိုကြတဲ့အထိ စာအသင်အပြကောင်းသူဖြစ်ပါတယ်။

Teacher Profile

Academic Weekly Teacher ဦးဆန်းထူး
ဦးဆန်းထူး
သင်္ချာ
Grade -10, Grade -11

သင်္ချာဘာသာရပ် သင်ကြားရေးအတွေ့အကြုံ (၃၁) နှစ် ကျော်ရှိသူ။

ကိုယ်တိုင် သင်္ချာရာပြည့် (အမှတ် ၁၀၀ ပြည့်) ရခဲ့သလို နှစ်စဉ် ဘာသာစုံဂုဏ်ထူးရှင်များနဲ့ သင်္ချာရာပြည့် (အမှတ် ၁၀၀ ပြည့်) ဂုဏ်ထူးရှင် ကျောင်းသားများစွာကိုလည်း မွေးထုတ်ပေးလျက်ပါတယ်။ YIT, GTI, IT Engineering Maths ဘာသာရပ်များကို (၁၀) နှစ်ကျော် သင်ကြားပေးခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ Wisdom Eye Group ပညာရေးဆိုင်ရာ ပညာဒါနအဖွဲ့တွင် ဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်သင်ကျောင်းတွေမှာ ပညာရေး ပံ့ပိုးမှုများ ပြုလုပ်လျက်ရှိပါတယ်။ နှစ်စဉ် နွေရာသီ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် သင်တန်းများမှာလည်း သင်္ချာဘာသာရပ်များကို ပို့ချပေးလျက်ရှိပါတယ်။

Teacher Profile

Academic Weekly Teacher ဦးရဲသစ်
ဦးရဲသစ်
အင်္ဂလိပ်စာ
Grade -10, Grade -11

အင်္ဂလိပ်စာ ဘာသာရပ် သင်ကြားရေးအတွေ့အကြုံ နှစ် (၂၀) ကျော်ရှိသူ။

အမြင့်ဆုံးရမှတ် (၈၃) မှတ်အထိ ရအောင် သင်ကြားပို့ချနိုင်ခဲ့ပြီး နှစ်စဉ် ဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ Myanmar Times ၊ စံတော်ချိန် စတဲ့ ဂျာနယ်များနှင့် မဂ္ဂဇင်းတစ်ချို့တွင် ပညာရေးဆောင်းပါးများ ရေးသားခဲ့ပြီး အမေ့အိမ်နှင့် MTF အပါအဝင် ပညာရေး အဖွဲ့အစည်းများက ကျင်းပသော ပညာဒါန စာသင်ပွဲများတွင်လည်း ပို့ချပေးခဲ့ပါတယ်။ ယခု လက်ရှိမှာတော့ Online Teacher Training များပေးလျက်ရှိပြီး (S.E.L.C) အမည်ဖြင့် General English (Four Skills) သင်တန်းများကို သင်ကြားပေးလျက်ရှိပါတယ်။

Teacher Profile

Academic Weekly Teacher ဓာတုဂုဏ်ထူး ဦးသန်းလွင်
ဓာတုဂုဏ်ထူး ဦးသန်းလွင်
ဓာတုဗေဒ
Grade -10, Grade -11

ဓာတုဗေဒဘာသာရပ် သင်ကြားရေးအတွေ့အကြုံ နှစ် (၃၀) ကျော်ရှိသူ။

နှစ်စဉ်ဓာတုဗေဒဂုဏ်ထူးရှင်များစွာကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အသင်အပြကောင်းပြီး လက်တွေ့ဘဝနဲ့ဆက်စပ်နိုင်တဲ့အထိ ဗဟုသုတစုံစုံလင်လင်နဲ့သင်ကြားပေးတဲ့ဆရာဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေရဲ့ ချစ်ခင်လေးစားခြင်းကိုရရှိသူဖြစ်ပြီး "ဆရာ့စာသင်ချိန်မှာ ပျော်ရွှင်ရပါတယ်။ စာကိုတစ်ခါတည်းမှတ်မိသွားအောင်သင်ပေးနိုင်တဲ့ဆရာပါ"ဆိုတဲ့စကားသံတွေကို အမြဲပြန်ကြားရပါတယ်။

Teacher Profile

Academic Weekly Teacher ဆရာစိုင်းစိန်မြင့်အောင်
ဆရာစိုင်းစိန်မြင့်အောင်
ဘောဂဗေဒဘာသာရပ်
Grade -10, Grade -11

ဘောဂဗေဒဘာသာရပ်သင်ကြားမှုတွင် နှစ်ပေါင်း ၃၀ ကျော် ဝါရင့်အတွေ့အကြုံရှိသူ။

နှစ်စဉ်နှစ်တိုင်း ဂုဏ်ထူးရှင် ရာပေါင်းများစွာကို မွေးထုတ်ပေးနေသူဖြစ်ပြီး ဝိပ္ပံဘာသာတွဲမှာ Top Ten ဝင်တဲ့အထိ သင်ကြားပြသပေးနိုင်ခဲ့သူဖြစ်ပါတယ်။ SkyNet , DVB, မြဝတီ နဲ့ Brands စတဲ့ Channel တွေမှာလည်း ဘောဂဗေဒသင်ခန်းစာတွေကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။

Teacher Profile

Academic Weekly Teacher coming soon
coming soon