စာသင်ခန်း၏သဘောသဘာဝ

ပကတိစာသင်ဝိုင်းနီးပါး သင်ကြားသင်ယူနိုင်စေရန် နည်းပညာအခြေပြုပညာရေးနှင့် သင်ယူမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Learning Managment System-LMS) ကို ထိရောက်စွာ အသုံးပြုထားပါသည်။ အင်တာနက်ဆက်သွယ်ရေးနည်းပညာ (Internet Communication Technology) ကို LMS စနစ် ဖြည့်ဆည်းပြီး တစ်ဦးချင်း၏ သင်ယူတတ်မြောက်မှုကို ပိုမိုလျင်မြန်တိကျစွာ စစ်ဆေးအကဲဖြတ်ပေးနိုင်သည်။

အကဲဖြတ်ရာတွင် ဘက်လိုက်မှု ပိုမိုလျော့နည်းအောင် ဆောင်ရွက်ထားပါသည်။ အထူးအားသာချက်မှာ အိမ်မှာနေပြီး မိဘဖြစ်သူ၏ မျက်မှောက်တွင်သင်ယူနိုင်ခြင်းဖြစ်ပါသည်။

Academic Virtual Classroom Terms and Conditions
စာသင်ဝိုင်း၏ စည်းကမ်းနှင့် သတ်မှတ်ချက်များ
  • ၁။
    Academic Virtual Classroom စာသင်ဝိုင်းတွင် တက်ရောက်ဆည်းပူးသင်ကြား သင်ယူလိုပါက အောက်ဖော်ပြပါ အချက်များကို သဘောတူလိုက်နာကြရပါမည်။
    • (က) Academic စာသင်ဝိုင်းနှင့် ထိတွေ့ဆက်စပ်နေကြရသော သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ သင်ကြားလေ့ကျင့်ရေး အကူဆရာ၊ ဆရာမများ (Study guide) နှင့် မိဘအုပ်ထိန်းသူများအတွက် အခြေခံလိုအပ်သော မူဝါဒ(Policies) များကို သီးခြားထုတ်ပြန်ဖော်ပြထားပြီးဖြစ်ပါသည်။ ထိုအချက်များကို တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီက လိုက်နာကြရမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ အပြန်အလှန်လေးစားနားလည်ကြရပါမည်။ ပူးပေါင်းဆောင်ရွက်ကြရမည်လည်းဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်ဦးချင်းအနေဖြင့် ကျင့်ဝတ်များကို အပြန်အလှန်လေးစား၍ စာသင်ဝိုင်း၏ ရည်မှန်းချက်ဖြစ်သော မျိုးဆက်သစ်တို့၏ အနာဂတ်ရည်မှန်းချက်များ ထမြောက်အောင်မြင်စေရန်ဖြစ်ပါသည်။
    • (ခ) နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားသော စာပေဘာသာရပ်များကို တတ်သိနားလည်ကျွမ်းကျင်ရုံမျှသာမက ဆက်စပ် ဆက်နွယ်နေသော ပညာရပ်များ၊ ဗဟုသုတများကိုပါ အလွယ်တကူ လေ့လာနိုင်သည့် အခွင့်အရေးကောင်းများကို ရရှိနိုင်အောင် ဖန်တီးပေးထားမည်ဖြစ်ပါသည်။ လိုအပ်ချက်များကို အကြံပြုနိုင်၊ ဆွေးနွေးနိုင်ရန်အတွက် အခွင့်အလမ်းများကို လည်း ပေးထားမည်ဖြစ်ပါသည်။
    • (ဂ) ဝန်ဆောင်မှုအတွက် ထိုက်သင့်သော အခကြေးငွေသတ်မှတ်ချက်များကို Privacy Policy တွင် အသေးစိတ်ဖော်ပြပေး မည်ဖြစ်ပါသည်။
    • (ဃ) သင်တန်းကြေးနှင့် အခြားဝန်ဆောင်မှုစရိတ်စကများနှင့်ပတ်သက်သော ငွေရေးကြေးရေးကိစ္စများကို လက်ရှိကျင့်သုံး နေသော ဘဏ်စနစ်၊ ငွေလွှဲစနစ်စသည်တို့ဖြင့် အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူ ကျောင်း သား၊ ကျောင်းသူများ တစ်ဦးချင်းစီအနေဖြင့် အသေးစိတ် ဖော်ပြထားသော အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ရေးသွင်း ပေးခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ကြရပါမည်။
      (ဥပမာ-နာမည်၊ ဖုန်းနံပါတ်၊ email လိပ်စာ….စသဖြင့်)
    • (င) စာသင်ဝိုင်းနှင့် ဆက်သွယ်ရန် ခွင့်ပြုချက်ရရှိပြီးသူများအနေဖြင့် စာသင်ဝိုင်း၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုတစ်ဦးချင်း၏ ကျင့်ဝတ်သိက္ခာလုံခြုံမှုစသည်တို့ကို ထိပါးစေမည့် အပြုအမူများ၊ လုပ်ဆောင်ချက်များ မပြုလုပ်ကြရန် အလေးထားတားမြစ်အပ် ပါသည်။
    • (စ) စာသင်ဝိုင်းမှ သင်ကြားပေးသော သင်ခန်းစာများအပါအဝင် အခြားအုပ်ချုပ်မှုဆိုင်ရာ အကြံပြုချက်များ စသည်တို့ကို ကူးယူဖော်ပြဖြန့်ဝေခြင်း လုံး၀ (လုံးဝ) မပြုလုပ်ရန် တားမြစ်အပ်ပါသည်။
  • ၂။ ဖော်ပြပါအချက်အလက်များကို လိုက်နာရန် သဘောတူပြီမှသာ စာရင်းသွင်းခြင်း၊ ငွေပေးသွင်းခြင်းများ ပြုလုပ်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
စာရင်းသွင်းရန်

စာရင်းသွင်းချိန်တွင် Academic မှ ဖော်ပြခဲ့သော စည်းကမ်းနှင့် သတ်မှတ်ချက် ( terms & conditions ) များကို အလုံးစုံလိုက်နာပါမည်။