"ပညာပြည့်ဝ နှလုံးလှ၊ လောကအလှ ဆင်ကြမယ်။"
About Us
Academic Weekly မြန်မာ့ပညာရေးဂျာနယ်ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ထုတ်ဝေဖြန့်ချိခဲ့သည်။ မြန်မာ့ပညာရေးအတွက် အားထားရသော အပတ်စဉ်ထုတ်စာစောင်အဖြစ် သက်တမ်းရှည်ကြာစွာ ရပ်တည် ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ ပညာရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်း နှင့် အထက်တန်းကျောင်းခွဲပေါင်း တစ်သောင်းကျော်ကို ဂျာနယ်များ အပတ်စဉ်ဖြန့်ဝေခဲ့သည်။
ဂျာနယ်ထုတ်ဝေမှုအပြင် ပိုမိုမြန်ဆန်ထိရောက်မည့် နည်းပညာအခြေပြုလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက် နိုင်ရန် PYINSA RUPA CREATIVE ကိုထပ်မံထူထောင်ခဲ့သည်။ ဂျာနယ်လုပ်ငန်းအတွေ့အကြုံများနှင့် နည်းပညာကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ Social Media တွင် ဖန်တီးမှုအားကောင်းသည့် ကြော်ငြာများ ဖန်တီးပေးနိုင်ခဲ့မှုကြောင့် အချိန်တိုတိုအတွင်း အောင်မြင်မှုရရှိကာ ဈေးကွက်အတွင်း ယုံကြည်မှုများလည်း ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် Academic Weekly မြန်မာ့ပညာရေးဂျာနယ်နှင့် PYINSA RUPA CREATIVE တို့ပူးပေါင်းကာ ခေတ်ကာလအခြေအနေနှင့် မြန်မာ့ပညာရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ONLINE စာသင်ဝိုင်းတစ်ခုကို ထူထောင်ရန်ကြိုးပမ်းခဲ့သည်။ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာများ LMS စနစ်နှင့် ရင်းနှီးကျွမ်းဝင်စွာ သင်ကြား၊ သင်ယူ နိုင်ရန်ရည်ရွယ်ကာ Academic Virtual Classroom ကို ထူထောင်ခဲ့သည်။