ဒေါက်တာမြသိန်း
ဇီဝဗေဒ
Grade -10, Grade -11
ဇီဝဗေဒဘာသာရပ်သင်ကြားရေးမှာ စာသင်သက်တမ်း နှစ် ၂၀ ရှိသူ။
နှစ်စဉ်ဇီဝဗေဒ ဂုဏ်ထူးရှင်ကျောင်းသားများစွာကို မွေးထုတ်ပေးခဲ့ပြီး ဇီဝဗေဒ ရမှတ် (၉၉) မှတ်ထိ ရအောင် သင်ကြားပေးနိုင်ခဲ့သူ။ ၁၉၉၉ ခုနှစ်မှာ ဆေးတက္ကသိုလ် (၁) ကနေ M.B.B.S ဘွဲ့ကို ရရှိခဲ့ပြီး အလုပ်သင်ဆရာဝန်ဘဝနဲ့ နဝမတန်း၊ ဒဿမတန်း ကျောင်းသားများကို ဇီဝဗေဒဘာသာရပ် စသင်ကြားခဲ့ပါတယ်။ နောက်ပိုင်းတွင် ကျူရှင်ဆရာလောကမှာ ဒေါက်တာမြသိန်း (ဇီဝဗေဒ) လို့ နာမည်ကောင်းရလာခဲ့ပြီး ကိုယ်ပိုင်ကျောင်းတွေ စပေါ်လာချိန် ကိုယ်ပိုင်ကျောင်းတွေမှာ ပထမဦးဆုံး စတင်သင်ကြားခဲ့တဲ့ ဆရာလည်း ဖြစ်ပါတယ်။ ဇီဝဗေဒဆိုင်ရာ သင်ရိုးကုန် စာအုပ်များကိုလည်း နှစ်စဉ်ရေးသားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့တဲ့အပြင် Academic Weekly Educational Journal တွင်လည်း နဝမတန်း၊ ဒဿမတန်း ဇီဝဗေဒဆိုင်ရာ သင်ရိုးကုန် ဆောင်းပါးများကို အပတ်စဉ် ရေးသားခဲ့ပါတယ်။ ကိုယ်ပိုင်ဆရာများအသင်း (ရန်ကုန်)တွင်လည်း ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး လေးနှစ်တာဝန်ထမ်းဆောင်ခဲ့ကာ ယခုလက်ရှိ Council of President အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
Follow us on Social Media